Register Form - IMPACT Myanmar

သီတင်းကျွတ်မှာ ဝေဝေဆာဆာ IMPACT ရဲ့ Hamper ကမ္ဘာ

IMPACT CO., LTD. သည် ၂၀၁၁ ခုနှစ် သြဂုတ်လတွင် စတင်တည်ထောင်ခဲ့ပြီး ထိုင်းနိုင်ငံနှင့် ဗီယက်နမ် နိုင်ငံတို့မှ နာမည် ကျော် အရသာထူးကဲပြည့်စုံသည့် မုန့်မျိုးစုံကို မြန်မာနိုင်ငံ FDA ထောက်ခံချက်ရရှိထားပြီး တရားဝင်တိုက်ရိုက်တင်သွင်း ဖြန့်ဖြူး ရောင်းချလျှက်ရှိပါသည်။

IMPACT CO., LTD. သည် ဝါကျွတ်ကာလတွင် စားသုံးသူဖောက်သည်များ အရသာကောင်းမွန်ပြီး အရည်အသွေး ထူးကဲ ကောင်းမွန်သည့် မုန့်များကို ကန်တော့ပန်းဆင်ရာတွင် လွယ်ကူအဆင်ပြေစေရန် ရည်ရွယ်၍ ပျှော်ရွှင်ဖွယ်ရာ Hamper ထုပ်ပိုးမှုပြိုင်ပွဲ ကို “သီတင်းကျွတ်မှာ ဝေဝေဆာဆာ IMPACT ရဲ့ Hamper ကမ္ဘာ“ ခေါင်းစဉ်ဖြင့် (၁၀.၈.၂၀၁၄) ရက်နေ့တွင် Ruby Mart Shopping Center ရှိ ပဉ္စမထပ် ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

အဆိုပါပြိုင်ပွဲတွင် အကောင်းဆုံးယှဉ်ပြိုင်နိုင်သူအား

ð    ပထမဆု – (၁) သိန်း

ð    ဒုတိယဆု – (၈) သောင်း

ð    တတိယဆ – (၅) သောင်း နှင့်

ð    နှစ်သိမ့်ဆုရှင် နောက်ထပ် (၃) ဆု အား

ရွေးချယ်၍ ထပ်မံချီးမြှင့်သွားမည် ဖြစ်ပါသည်။သို့ဖြစ်ပါ၍ ပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်လိုသည့် ဝါသနာရှင်များအားလှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။

စိတ်ပါဝင်စားသူများ အနေဖြင့် ပြိုင်ပွဲဝင် လျှောက်လွှာများကို www.impact.com.mm/impact/register-form (or) www.facebook.com/IMPACT,Myanmar (or) Ruby Mart (Service Counter) မှ တစ်ဆင့် ဖြည့်စွက်၍ အီးမေးလ်နှင့် ဖြစ်စေ လူကိုယ်တိုင်ဖြစ်စေ အောက်ပါနေရာများတွင် ပေးပို့လျှောက်ထားနိုင်ပါသည်။

1)      Ruby Mart (Service Counter)

လိပ်စာ – ဗိုလ်ချုပ်လမ်းနှင့် ပန်းဆိုးတန်းလမ်းထောင့်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
2)      IMPACT Co., Ltd.

လိပ်စာ – အမှတ် (၂၅)၊ အေးရိပ်မွန် (၂) လမ်း၊ (၄) ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း – ၀၁-၅၃၁၃၄၈၊ ၉၆၈၈၅၉၆

အီးမေးလ် – info@impact.com.mm/impact

ပြိင်ပွဲနှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များအား အောက်တွင်ပါရှိသော ဖိုင်များကို download လုပ်၍ ပြိုင်ပွဲဝင်လျှောက်လွှာများကို ရယူနိုင်ပါသည်။

Download Register Form